မိုးရာသီနဲ့ တုပ်ကွေး သူကြင်မှ ကိုယ်ကြင်မှာလား
နွေရာသီရဲ့ ပူလောင်မှုတွေ အဆုံးသတ်ရင်း မိုးရာသီရဲ့ အေးမြမှုတွေ အစားထိုးဝင်ရောက်လာတဲ့ အချိန်မှာ မဖိတ်ခေါ်ဘဲ ရောက်လာမယ့် ဧည့်သည်ကတော့ တုပ်ကွေးပါ။ တုပ်ကွေး ရာသီဆိုပြီး ရှောင်လွှဲလို့မရတာဖြစ်လို့ ကာကွယ်ဖို့အတွက် နည်းလမ်းအဖြာဖြာကို မျှဝေပါရစေ။
- နေ့စဉ်ပုံမှန်လှုပ်ရှားသွားလာနေသူတွေ
- ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်ရောဂါ၊ ရင်ကြပ်ရောဂါ စတဲ့ နာတာရှည်ရောဂါအခံရှိသူတွေ
- အသက် (၆၅)နှစ် အထက် လူကြီးတွေ
- ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ
- ကိုယ်ခံအားနည်းသူတွေ
- မကြာခဏ ဖျားနာတတ်သူတွေ
- အသက် ( ၆ ) လအထက် ကလေးငယ်တွေ
- Covid 19 ကာကွယ်ဆေး ထိုးပြီးသူတွေလည်း မိုးရာသီမှာ တုပ်ကွေးမဖြစ်ရလေအောင် တတ်နိုင်ပါက တုပ်ကွေး(၄ မျိုး) ကာကွယ်ဆေး ထပ်မံ ထိုးထားသင့်ပါတယ်။
မိုးရာသီမှာ တုပ်ကွေးမဖြစ်ဖို့ ဘာတွေ ကြိုတင် ကာကွယ်ရမလဲ?
1. အပြင်ထွက်တိုင်း မိုးကာအင်္ကျီ ၊ ထီး အဆင်ပြေရာကို အမြဲတမ်းဆောင်သွားပါ။ မိုးရွာရင် နီးစပ်ရာအမိုးအကာအောက် အမြန် ခိုနားဖို့ ကြိုးစားပါ။ မိုးရေထိတွေ့မှုကို အနည်းဆုံးဖြစ်အောင်နေရင်း အအေးမိခြင်းကို ကာကွယ်ရမှာ ဖြစ်ပါတယ်။
2. မိုးရေတွေစိုပြီး ပြန်ရောက်လာတာနဲ့ ရေချိုး ကိုယ်လက်သန့်စင်ပေးခြင်းကလည်း ပိုးမွှားများ အန္တရာယ်က ကာကွယ်ပေးတယ်လို့ ဆိုထားပါတယ်။
3. ရေချိုးဖို့ အရမ်းချမ်းနေရင်တော့ ချက်ချင်းတန်းမချိုးဘဲ နွေးထွေးအောင် အပူတစ်ခုခု သောက်ပြီးဖြစ်ဖြစ်၊ ရေနွေးနဲ့ ဖြစ်ဖြစ် ချိုးပေးသင့်ပါတယ်။ ရေချိုးပြီးတာနဲ့ သေချာခြောက်သွေ့အောင် ကိုယ်လက်သန့်စင်ပြီးတာနဲ့ အဝတ်အစားများ နွေးနွေးထွေးထွေး ဝတ်ဆင်ပါ။ ပြီးရင်တော့ နွားနို့ပူပူ ဒါမှမဟုတ် စွပ်ပြုတ် ပူပူတစ်ခွက်ကို သောက်ရင်း အနားယူပါ။
4. မိုးရေထိတွေ့မှု နည်းရင်တောင် ကိုယ်ခံအားစနစ် အားနည်းနေပါက တုပ်ကွေးပိုးကို ထိရောက်စွာ ကာကွယ်နိုင်မှာ မဟုတ်ပါ။ ဒါကြောင့် ကိုယ်ခံအား ကောင်းမွန်စေတဲ့ Vitamin C ပါတဲ့ ဆေးသောက်တာဖြစ်ဖြစ် ၊အရည်ရွှမ်းပြီး ချဥ်တဲ့ သစ်သီးဝလံတွေ များများ စားသုံးပေးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။
5. မိုးရာသီမှာ သန့်ရှင်းတာကလဲ အရေးကြီးတဲ့အရာဖြစ်လို့ တုပ်ကွေးမိသွားရင်တောင် လက်သေချာဆေးရုံသာမက လက်သန့်စင်ဆေးရည် လဲ သုံးပေးသင့်ပါတယ်။
6. ကိုယ်ခန္ဓာမှာရှိတဲ့ အဆိပ်အတောက်တွေ အမြန် စွန့်ပစ်နိုင်အောင် ရေလဲများများ သောက်ပေးပါ။ အပြင်မှာ ထွက်စားတာထက် မိုးရာသီအတွင်းအိမ်မှာပဲ အာဟာပြည့်ဝပြီးတော့ သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာတွေ ချက်ပြုတ်စားသောက်ဖို့ အချိန်ပေးသင့်ပါတယ်။
ဒီလိုမျိုး အချက်လေးတွေ ဂရုတစိုက် အချိန်ပေးပြီး လိုက်လုပ်ဖို့ အဆင်သင့်ပဲလား? လိုက်လုပ်နိုင်မယ် ဆိုရင်တော့ မိုးရာသီမှာ ကာကွယ်မှုအပြည့်ယူရင်း တုပ်ကွေးနဲ့ ကြင်ကြင်နာနာ အတူယှဥ်တွဲနေထိုင်နိုင်မှာပါနော်။
ဒီဆောင်းပါးနဲ့ ပတ်သက်ပြီး သိရှိလိုသမျှ ၊ ဝေဖန်အကြံပြုလိုသမျှကိုလဲ စာဖတ်သူမိတ်ဆွေများက မျှဝေပေးစေလိုပါတယ်။ Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦးနော်။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။